အိပ်ရတဲ့ ညတွေက ကိုယ့်တစ်ယောက်တည်းအတွက်ချည်း
စဉ်းစားရတာမျိုး မဟုတ်တော့ဘူး
အဖြူရောင် အမှိုက်တွေ ကြဲထားတဲ့ ကွန်ကရစ်လမ်းတွေပေါ်လည်းလျှောက်
မျက်လုံးကို အရည်စွတ်ပြီး အိပ်ရတဲ့ ညတွေလည်း ရှိခဲ့ပြီ
တစ်ခါတစ်ခါတော့ နောက်ကလိုက်နေတဲ့ အတိတ်အပိုင်းအစတွေထဲက
လူတစ်ယောက်ကို အောက်မေ့မိပါရဲ့
မှန်နေပေမယ့်လည်း ခေါင်းညိတ်ပြီး မှားပါတယ်လို့
ရေလိုက်ငါးလိုက် နေလည်း တတ်လာပြီ
ပါးစပ်တွေ ဟောင်းလောင်းပွင့်ကျလာရလောက်အောင်
မျက်လှည့်ဆရာက မှော်အစွမ်းတွေ ပြတတ်တာကို
ရိပ်ပါးစွန်းချည်လောက်တော့ သိလာပြီ
ဘာဆက်လုပ်ရ ကောင်းမလဲလို့
မိနစ်တွေတိုင်း တွေးတွေးပြီး
လမ်းအဟောင်းတွေပေါ်ပဲ ပြန်ပြန်လျှောက်နေမိတယ်
အတိတ်ထဲမှာ နေတဲ့ သူတွေဆီ ခဏခဏ
အလည်သွားရင် ကိုယ့်ကိုကိုယ်
ဖုန်တက်နေစေခဲ့တာလား
မသိလိုက်ဘူး
ဟူးးးးးးးးးးးးးးးးးးးးးးးး
ရှေ့တော့ ဆက်နေရဦးမှာပါပဲ
ဘာတွေ ဖြစ်လာမလဲသာ
မသိတာ
စီးကောင်းတုန်းတော့ ဒီမြင်းကို ဆက်စီးလိုက်ဦးမယ်လေ
မြန်မာလိုရေးတဲ့ဟာပဲ နားလည်တယ် 😁...